ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်လုပ်သော သလဲသီးများကိုလည်းကောင်း၊ ရွှေဆည်းလည်းများကိုလည်းကောင်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ်ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
တိုင်အမြင့်ကား တစ်ဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
အာရုန်၏ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။
ဝတ်လုံ၌လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့၊ ရက်သောအထည်နှင့် ကွပ်ရမည်။
သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။
ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့်ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ်ကြလိမ့်မည်။