Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:30

Judson Bible

ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

ဥ​ရိမ်​နှင့်​သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။

အာ​ရုန်​သည်​လည်း၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အောက်​မေ့​တော်​မူ​စေ​ခြင်း​ငှာ၊ ဗျာ​ဒိတ်​ရင်​ဖုံး၌​ပါ​သော သူ​တို့​နာ​မည်​များ​ကို မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

ရင်​ဖုံး​ကို​လည်း​ဆင်​စေ၍၊ ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့်​သု​မိမ်​ကို သွင်း​ထား​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ပြီး​လျှင်၊ ဘုန်း​ကြီး၍ မိ​မိ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက် စိုး​စံ​လိမ့်​မည်။ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ယဇ်​ပု​ရော​ဟိတ်​လည်း​ဖြစ်၍၊ ထို​နှစ်​ပါး​တို့​သည် မိတ်​သ​ဟာ​ယ ပ​ဋိ​ညာဉ်​ကို ဖွဲ့​ကြ​လိမ့်​မည်။

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

ငါ​သည်​သင်​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ် တိုး​ပွား​သည်​အ​တိုင်း သင်​တို့​သည် ငါ့​ကို​ချစ်​ခြင်း​မေ​တ္တာ​စိတ် ဆုတ်​ယုတ်​သော်​လည်း၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ ငါ​သည် ကိုယ်​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း၊ ကုန်​စေ​ခြင်း​ငှာ အ​လွန်​စေ​တ​နာ​ရှိ၏။

သင်​တို့​ကို အ​ပြစ်​တင်၍ ဤ​သို့​ငါ​ဆို​သည်​မ​ဟုတ်။ သင်​တို့​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​ရှိ​သည်​တိုင်​အောင်၊ ငါ​တို့​သည် သင်​တို့​ကို​ချစ်​ကြ၏​ဟု အ​ထက်​က​ငါ​ပြော​ခဲ့​ပြီ။-

လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊

ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-

ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-

ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ