Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 28:29

Judson Bible

အာ​ရုန်​သည်​လည်း၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အောက်​မေ့​တော်​မူ​စေ​ခြင်း​ငှာ၊ ဗျာ​ဒိတ်​ရင်​ဖုံး၌​ပါ​သော သူ​တို့​နာ​မည်​များ​ကို မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။

ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ဗျာ​ဒိတ်​ရင်​ဖုံး​ကို ထူး​ဆန်း​စွာ လုပ်​ရ​မည်။

ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ​၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ​ရ​မည်။ ထို​သို့​ရင်​ဖုံး​ကို ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​နား​မှာ ဆွဲ၍၊ သင်​တိုင်း​နှင့်​မ​ကွာ အ​မြဲ​ရှိ​စေ​ရ​မည်။

ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။

သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ