ထွက်မြောက် 28:2Judson Bibleသင်၏အစ်ကိုအာရုန်၌ ဘုန်းအသရေထင်ပေါ်စေခြင်းငှာ၊ သန့်ရှင်းသောအဝတ်ကို လုပ်၍ပေးရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့လည်းကောင်း၊ မင်္ဂလာဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အားပေးစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတ္တံ့။-