Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:1

Judson Bible

သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။

ယော​ဟန်​သား​ကား၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှော​လ​မုန်​တည်​သော ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ပြု​သော အာ​ဇ​ရိ​တည်း။

လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​ဖြစ်​သော ပိုင်​ထိုက်​ရာ​အ​ရပ်​ကို စွန့်၍၊ ယု​ဒ​ပြည်​ယေ​ရု​ရှင်​မြို့​သို့ ရောက်​လာ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ယေ​ရော​ဗောင်​နှင့် သူ၏​သား​တို့​သည်၊ လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို စောင့်​ရ​သော​အ​ရာ​မှ​ချ၍၊

အို အာ​ရုန်​အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​မော​ရှေ​နှင့် အာ​ရုန်၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှ​မွေ​လ၊ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​တော်​သည် ထူး​တော်​မူ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊

ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ငါ​သန့်​ရှင်း​စေ​မည်။

ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

အာ​ရုန်​နှင့် သူ​၏​သား​တို့​ကို​လိမ်း၍၊ သူ​တို့​သည် ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​ဝတ်​ရန် သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု​ဆင့်​ဆို၏။

အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။

အာ​ရုန်၏​သား​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည်၊ ကိုယ်​စီ​ဆိုင်​သော​လင်​ပန်း​တို့​ကို​ယူ​လျက်၊ မီး​ကို​ထည့်၍ လော​ဗန်​ကို​တင်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော မီး​မ​ဟုတ်၊ ထူး​ခြား​သော​မီး​ကို ရှေ့​တော်၌​ပူ​ဇော်၏။

မော​ရှေ​သည်​လည်း၊ အာ​ရုန်​နှင့် ကြွင်း​သော​သား​ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကြွင်း​ကို​ယူ၍ တ​ဆေး​မ​ပါ​ဘဲ ယဇ်​ပ​လ္လင်​နား​မှာ​စား​ကြ​လော့။ အ​လွန်​သန့်​ရှင်း​ပေ၏။

ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊

သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊

ထို​ကြောင့် သင်​နှင့် သင်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော​အ​မှု၊ ကု​လား​ကာ​အ​တွင်း၌ ဆောင်​ရွက်​စ​ရာ​အ​မှု ရှိ​သ​မျှ​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​ပြု၍ ဆောင်​ရွက်​ရ​ကြ​မည်။ သင်​တို့​အား​ကျေး​ဇူး​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ငါ​ပေး​ပြီ။ မ​ဆိုင်​သော​သူ​သည် အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။

နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို ပူ​ဇော်​သော​အ​ခါ သေ​ကြ၏။

ဇာ​ခ​ရိ​သည် မိ​မိ​အ​သင်း​နှင့် တ​ကွ အ​လှည့်​သင့်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​သည်​တွင်၊-

ငါ​သည် တောင်​ပေါ်​မှာ အ​ရင်​နေ​သော​ကာ​လ​နှင့်​အ​မျှ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး တစ်​ဖန်​နေ​ပြန်၍၊ ထို​အ​ခါ၌​လည်း ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို​နား​ထောင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် သူ့​ကို​ရွေး​ကောက်​တော်​မူ​ပြီ။

ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ