Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 28:17

Judson Bible

ထို​ရင်​ဖုံး​၌ ကျောက်​မြတ်​ကို​လေး​တန်း​စီ​ရ​မည်။ ပ​ထ​မ​အ​တန်း​ကား၊ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ ပ​တ္တ​မြား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။

နှစ်​ထပ်​ခေါက်​လျက်၊ အ​လျား​တစ်​ထွာ၊ အ​နံ​တစ်​ထွာ၊ စ​တု​ရန်း​လေး​ထောင့် ဖြစ်​ရ​မည်။

ဒု​တိ​ယ​အ​တန်း​ကား၊ မြ၊ နီ​လာ၊ စိန်၊

ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊

ရွှေ​ရှိ၏။ ပ​တ္တ​မြား​လည်း​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​နှုတ်​မူ​ကား၊ အ​လွန်​အ​ဖိုး​ထိုက်​သော ရ​တ​နာ​ဖြစ်၏။

ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။

သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ