Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 28:18

Judson Bible

ဒု​တိ​ယ​အ​တန်း​ကား၊ မြ၊ နီ​လာ၊ စိန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။

သူ၏​ကျောက်​တို့​သည် ကျောက်​နီ နေ​ရာ​ဖြစ်၏။ မြေ​မှုန့်​လည်း ရွှေ​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။

ထို​ရင်​ဖုံး​၌ ကျောက်​မြတ်​ကို​လေး​တန်း​စီ​ရ​မည်။ ပ​ထ​မ​အ​တန်း​ကား၊ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ ပ​တ္တ​မြား၊

တ​တိ​ယ​အ​တန်း​ကား၊ ဝှါ​ကိ​န္သု၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်။

ဒု​တိ​ယ​အ​တန်း​ကား မြ၊ နီ​လာ၊ စိန်။

လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် သံ​က​ညစ်၊ စိန်​ချွန်​နှင့် သူ​တို့​နှ​လုံး​ပြား၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ဦး​ချို၌​လည်း​ကောင်း အ​က္ခ​ရာ​တင်၍ မှတ်​သား​လျက်​ရှိ၏။

သူ​တို့၏​ခေါင်း​များ​အ​ထက်၊ မိုး​မျက်​နှာ​ကြက်​အ​ပေါ်၌​လည်း နီ​လာ​ကျောက်​ကဲ့​သို့ အ​ဆင်း​အ​ရောင်​ရှိ​သော ရာ​ဇ​ပ​လ္လင်​သ​ဏ္ဌာန်​ပေါ်၏။ ပ​လ္လင်​သ​ဏ္ဌာန်​အ​ပေါ်၌​လည်း လူ​ပုံ​သ​ဏ္ဌာန်​ကဲ့​သို့​ပေါ်၏။

တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။

သင်​လုပ်​သော ဥ​စ္စာ​များ​သော​ကြောင့် ရှု​ရိ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ န​ပက်​ကျောက်၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ဝတ်၊ ပိတ်​ချော၊ သ​န္တာ၊ ကျောက်​နီ​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ