Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 27:9

Judson Bible

တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

အ​တွင်း​တံ​တိုင်း​ကို​လည်း ဆစ်​သော​ကျောက်​တန်း သုံး​ဆင့်၊ အာ​ရဇ်​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​လေ၏။

ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။

ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။

ယဇ်​ပု​ရော​ဟိတ်​တံ​တိုင်း၊ ပြင်​တံ​တိုင်း​ကြီး၊ တံ​တိုင်း​တံ​ခါး​ရွက်​များ​ကို​လည်း လုပ်၍ တံ​ခါး​ရွက်​တို့​ကို ကြေး​ဝါ​ဖြင့် ဖုံး​အုပ်​လေ၏။

ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

အို​ယေ​ရု​ရှ​လင်​မြို့၊ သင်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​တိုင်း​အ​တွင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ ဟာ​လေ​လု​ယ။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။

ထို​ကု​လား​ကာ​ဖို့ တိုင်​နှစ်​ဆယ်၊ တိုင်​ခြေ​စွပ်​နှစ်​ဆယ်​ကို ကြေး​ဝါ​နှင့်​လုပ်၍ တိုင်​တံ​စို့၊ တိုင်​တန်း​တို့​ကို ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။

တဲ​တော်​ဝင်း​ကု​လား​ကာ၊ တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကို​လည်း​ကောင်း၊

ကု​လား​ကာ​များ​ဆက်​မီ​ရာ၌၊ ပြင်​ဘက်​က​နေ​သော ကု​လား​ကာ​တစ်​ထည်​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဆက်​မီ​သော​အ​ခြား​ကု​လား​ကာ​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​လေ၏။

ဝင်း​ကု​လား​ကာ၊ ဝင်း​တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကြိုး​များ၊ တံ​သင်​များ​ကို​လည်း​ကောင်း၊ တဲ​တော်​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​စ​ရာ​တန်​ဆာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊

တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​လေ၏။ ထို​သို့ မော​ရှေ​သည် အ​လုပ်​ကို​ပြီး​စီး​စေ​သ​တည်း။

တဲ​တော်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို ဆွဲ​ကာ​ရ​မည်။

တံ​ခါး​ပတ်​လည် တံ​တိုင်း​အ​တွင်း၊ ထောင့်​တိုင်​အ​ထိ၊ အ​တောင်​ခြောက်​ဆယ်​ကျယ်​အောင် တိုင်​များ​ကို ထား​လေ၏။

ထို​နောက်၊ ငါ့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ သွင်း၍ အ​ခန်း​များ​ကို ငါ​မြင်၏။ ကျောက်​ခင်း​လည်း​ရှိ၏။ ကျောက်​ခင်း​အ​ပေါ်​မှာ အ​ခန်း​သုံး​ဆယ်​ရှိ၏။

တစ်​ဖန် မြောက်​မျက်​နှာ​သို့ ခေါ်​သွား၍၊ ပြင်​တံ​တိုင်း​မြောက်​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​အ​မြင့်​နှင့် အ​နံ​ကို တိုင်း​လေ၏။

အ​ရှေ့​ဘက်၌​ရှိ​သ​ကဲ့​သို့ မြောက်​တံ​ခါး​မျက်​နှာ​ချင်း​ဆိုင်​အ​တွင်း တံ​တိုင်း​တံ​ခါး​ဝ​ရှိ၏။ တံ​ခါး​ဝ​တစ်​ခု​နှင့် တစ်​ခု အ​တောင်​တစ်​ရာ​ကွာ၏။

တစ်​ဖန် အ​တွင်း​တံ​တိုင်း​ထဲ​သို့ တောင်​တံ​ခါး​ဖြင့်​သွင်း၍၊ အ​ရင် ပ​မာ​ဏ​နှင့်​အ​ညီ ထို​တံ​ခါး​ကို တိုင်း​လေ၏။

အ​ရှေ့​ဘက်၌​လည်း အ​တွင်း​တံ​တိုင်း​ထဲ​သို့ သွင်း၍၊ ထို​တံ​ခါး​ကို အ​ရင်​ပ​မာ​ဏ​နှင့်​အ​ညီ တိုင်း​လေ၏။

အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။

အ​တောင်​နှစ်​ဆယ်​ရှိ​သော အ​တွင်း​တံ​တိုင်း​ရှေ့၊ ပြင်​တံ​တိုင်း ကျောက်​ခင်း​ရှေ့​တွင် တစ်​ဖက်​တစ်​ချက်၌ နံ​ရံ​အ​ခန်း သုံး​ဆင့်​ရှိ၏။

တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌ ကာ​သော​ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။

တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။

ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ