ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။
ထိုကုလားကာဖို့ တံစို့နှင့်ပြည့်စုံသော တိုင်ငါးတိုင်ကိုလည်းကောင်း လုပ်၍၊ တိုင်ထိပ်နှင့် တိုင်တန်းတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။
ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။
ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌စိုက်သော တံသင်ရှိသမျှကိုလည်းကောင်း လုပ်လေ၏။
တိုင်အမြင့်ကား၊ တစ်ဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တစ်ဆယ်နှစ်တောင် ရှည်သော ကြိုးတစ်ပတ်ရှိ၏။ ခေါင်းပွဖြစ်၍ ဒုလေးသစ်ရှိ၏။