Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 25:9

Judson Bible

ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်။

တောင်​ပေါ်​မှာ သင့်​အား​ပြ​သော​ပုံ​နှင့်​အ​ညီ၊ တဲ​တော်​ကို တည်​ဆောက်​ရ​မည်။

ထို​သို့​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ပြီး​စီး​အောင် လုပ်​ပြီး​မှ မော​ရှေ​ထံ​သို့​ဆောင်​ခဲ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပြာ​သော​အ​ထည်​အိတ်​ထဲ၌ သွင်း​ထား၍၊ တ​ဟာ​ရှ​သား​ရေ​ဖြင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​ကို​တပ်​ရ​မည်။

မီး​ခုံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပြ​တော်​မူ​သော​ပုံ​နှင့်​အ​ညီ မီး​ခုံ​တိုင်​မှ​စ၍ ကြာ​ပွင့်​တိုင်​အောင် ရွှေ​ဖြင့်​တစ်​စပ်​တည်း​ထု​လုပ်​သော မီး​ခုံ​ဖြစ်​သ​တည်း။

မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-

လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။-

မော​ရှေ​သည် တဲ​တော်​ကို ဆောက်​လုပ်​အံ့​သော​အ​ခါ၊ တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ အ​လုံး​စုံ​တို့​ကို​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်​ဟု ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သည်​ဖြစ်၍၊ ထို​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကောင်း​ကင်​အ​ရာ​တို့၏ ပုံ​ပ​မာ​အ​ရိပ်​နှင့်​သာ​ဆိုင်​လျက် ဝတ်​ကို​ပြု​နေ​ကြ၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။-

ထို​တဲ​တော်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​ကို ပူ​ဇော်​သော ကာ​လ​တည်း​ဟူ​သော မျက်​မှောက်​ကာ​လ​ပတ်​လုံး ပုံ​ပ​မာ​ဖြစ်၏။ ထို​ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​တို့​သည် ကိုယ်​ကို​ကိုယ် သိ​သော​စိတ်​ကို​ထောက်​လျှင်​လည်း၊ ဝတ်​ပြု​သော​သူ​အား စုံ​လင်​ခြင်း​အ​ကျိုး​ကို မ​ပေး​နိုင်​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ