Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 25:8

Judson Bible

ငါ​သည် သင်​တို့​တွင်​ကျိန်း​ဝပ်​ရာ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကို​လုပ်​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​မ​စွန့်။ သူ​တို့​အ​လယ်၌ နေ​မည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ငါ​နေ၍၊ သူ​တို့၏​ဘု​ရား​ဖြစ်​မည်။

ငါ​သည် သူ​တို့​တွင်​နေ​ခြင်း​ငှာ၊ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ထို​ပ​ဋိ​ညာဉ်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​လိမ့်​မည်။ သူ​တို့​ကို​နေ​ရာ​ချ၍ များ​ပြား​စေ​မည်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​ထား​မည်။

ထို​သို့ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​သည် သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​တည်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို သန့်​ရှင်း​စေ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။

မော​ရှေ​သည် အာ​ရုန်၏​ဘ​ထွေး ဩ​ဇေ​လ​သား​မိ​ရှေ​လ​နှင့် ဧ​လ​ဇာ​ဖန်​ကို​ခေါ်၍၊ လာ​ကြ။ သင်​တို့​ပေါက်​ဖော်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​က၊ တပ်​ပြင်​သို့ ယူ​သွား​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း၊

သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က မ​ထွက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​ရှုတ်​မ​ချ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ဘု​ရား​သ​ခင်၏ ဘိ​သိက်​ဆီ​နှင့်​ဆိုင်​သော သင်း​ကျစ်​ကို ဆောင်း​ရ​သော​သူ​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​ခြင်း​မ​ရှိ​ဘဲ သင်​တို့​တွင် တဲ​တော်​ကို​တည်​မည်။

မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော် ကု​လား​ကာ​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို၍ ရွှင်​လန်း​လော့။ ငါ​လာ၍ သင့်​အ​လယ်၌ နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သို့ ငါ​ပြန်​လာ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ​နေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို သ​မ္မာ​မြို့​ဟူ၍​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ကို သန့်​ရှင်း​သော​တောင် ဟူ၍​လည်း​ကောင်း သ​မုတ်​ကြ​လိမ့်​မည်။

မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-

ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

ခ​ရစ်​တော်​မူ​ကား၊ သား​ကဲ့​သို့ အိမ်​တော်​ကို အုပ်​စိုး၍ သ​စ္စာ​စောင့်​တော်​မူ၏။ ငါ​တို့​သည်​ကား၊ ရဲ​ရင့်​ခြင်း၌​လည်း​ကောင်း၊ မျှော်​လ​င့်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း၌​လည်း​ကောင်း၊ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ထို​အိမ်​တော်​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သား​ဖိ​န​ဟတ်​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​ကြောင်း​ကို ယ​နေ့ ငါ​တို့​သိ​မြင်​ကြ၏။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​လက်​တော်​မှ ယ​ခု​ကယ်​လွှတ်​ကြ​ပြီ​ဟု ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အား ပြော​ဆို​ကြ၏။

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ