Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 24:3

Judson Bible

မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​ကို​လည်း​ကောင်း ပြန်​ကြား၍၊ လူ​များ​အ​ပေါင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့ ပြု​ပါ​မည်​ဟု တစ်​သံ​တည်း​ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကြွေး​ကြော်​သံ၊ တံ​ပိုး​နှဲ​ခ​ရာ​မှုတ်​သံ​နှင့်​တ​ကွ၊ ကြီး​သော​အ​သံ​ဗ​လံ​ပြု​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား ကျိန်​ဆို၍ ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် ဖွဲ့​ကြ၏။

ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။

ယဇ်​ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​သော ငါ၏​သန့်​ရှင်း​သူ​တို့​ကို ငါ့​ထံ​သို့​စု​ဝေး​စေ​ကြ​ဟု မိန့်​တော်​မူ၏။

လူ​အ​ပေါင်း​တို့​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု တ​ညီ​တ​ညွတ်​တည်း ပြန်​ပြော​ကြ၏။ မော​ရှေ​သည်​လည်း သူ​တို့​၏​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​လေ​၏။

သင်​တစ်​ယောက်​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်​ရ​မည်။ အ​ခြား​သော​သူ မ​ချဉ်း​မ​ကပ်​ရ။ လူ​များ​တို့​သည် သင်​နှင့်​အ​တူ​မ​တက်​ရ​ကြ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ပ​ဋိ​ညာဉ်​စာ​ကို​လည်း​ယူ၍၊ ပ​ရိ​သတ်​များ​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်၊ နား​ထောင်​ပါ​မည်​ဟု ပြော​ဆို​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘိုး​ဘေး​များ​ကို ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊

အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​အ​ခါ သင်​တို့​နှင့် ငါ​ဖွဲ့​သော ပ​ဋိ​ညာဉ်​စ​ကား​နှင့်​အ​ညီ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​၏။ ငါ​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​တွင် နေ​ရာ​ကျ၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။

သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​သက်​ရှင်၍၊ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​မည်​အ​ကြောင်း၊ သင်​တို့​ကျင့်​စ​ရာ​ဖို့ ငါ​သွန်​သင်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို နား​ထောင်​ကြ​လော့။

သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏​နိုင်​ငံ​အ​တွင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဖက်၌​ရှိ​သော​ချိုင့်​တွင်၊ မော​ရှေ​ဟော​ပြော​သော​သက်​သေ​စ​ကား၊ စီ​ရင်​ထုံး​ဖွဲ့​သော စ​ကား​တည်း။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။

သင်​မှာ​မူ​ကား၊ ဤ​အ​ရပ်၌ ငါ့​အ​နား​မှာ​ရပ်​နေ​လော့။ သူ​တို့​အား ငါ​အ​ပိုင်​ပေး​သော​ပြည်၌ သူ​တို့​ကျင့်​ဖို့​ရာ သင်​သည်​သူ​တို့​အား​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​တို့​ကို ငါ​မြွက်​ဆို​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊

လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။

ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ခြင်း​ငှာ ထို​ဘု​ရား​ကို ရွေး​ကြ​ပြီ​ဟု ကိုယ်​အ​မှု၌ ကိုယ်​သက်​သေ​ခံ​ကြ​သည်​ဟု​ဆို​လျှင် သူ​တို့​က၊ သက်​သေ​ခံ​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊

လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ