Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 24:2

Judson Bible

သင်​တစ်​ယောက်​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်​ရ​မည်။ အ​ခြား​သော​သူ မ​ချဉ်း​မ​ကပ်​ရ။ လူ​များ​တို့​သည် သင်​နှင့်​အ​တူ​မ​တက်​ရ​ကြ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။

လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

မော​ရှေ​သည် မိ​မိ​လက်​ထောက်​ယော​ရှု​နှင့်​အ​တူ​ထ၍ ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​သို့ တက်​သွား၏။

မော​ရှေ​သည်​တောင်​တော်​ပေါ်​သို့​တက်၍၊ မိုး​တိမ်​သည် တောင်​တော်​ကို လွှမ်း​မိုး၏။

မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။

မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​ကို​လည်း​ကောင်း ပြန်​ကြား၍၊ လူ​များ​အ​ပေါင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့ ပြု​ပါ​မည်​ဟု တစ်​သံ​တည်း​ပြန်​ပြော​ကြ၏။

သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။

ခြင်္သေ့​သည် ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​မှ​တက်​သ​ကဲ့​သို့၊ ရန်​သူ​သည် ကျောက်​နှင့်​ပြည့်​စုံ​သော နေ​ရာ​သို့ တက်​သော​အ​ခါ၊ နေ​သော​သူ​သည် ချက်​ချင်း​ပြေး​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ ရွေး​ချယ်​သော​သူ​ကို​လည်း၊ ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ ငါ​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ငါ့​အ​ချိန်​ကို အ​ဘယ်​သူ​ချိန်း​ချက်​မည်​နည်း။ အ​ဘယ်​မည်​သော သိုး​ထိန်း​သည် ငါ့​ရှေ့​မှာ ရပ်​နိုင်​သ​နည်း။

တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ