Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 24:11

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

အာ​ဗြ​ဟံ​သည်​ကြီး​မြတ်၍၊ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့်​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။

အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။

လူ​တစ်​ရာ​အုပ်၊ မှူး​မတ်၊ အ​ကြီး​အ​ကဲ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ခေါ်​လျက်၊ မြင့်​သော​တံ​ခါး​လမ်း​ဖြင့်၊ ရှင်​ဘု​ရင်​ကို ဗိ​မာန်​တော်​မှ နန်း​တော်​သို့​ပို့​ဆောင်၍၊ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​ကြ၏။

အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ပတ်​လည်​ဝိုင်း​ထား၍၊ အ​ကျွန်ုပ်​အ​ပေါ်​မှာ လက်​တော်​ကို တင်​တော်​မူ​ပြီ။

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။

မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။

ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်​အ​ရှင်​နှင့် အ​ဘယ်​သို့​စ​ကား​ပြော​နိုင်​ပါ​အံ့​နည်း။ ယ​ခု​ပင် အ​ကျွန်ုပ်​ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။ အ​ကျွန်ုပ်​အ​သက်​လည်း ကုန်​ပါ​ပြီ​ဟု ငါ့​ရှေ့​မှာ ရပ်​နေ​သော​သူ​အား​ငါ​လျှောက်၏။

သူ၌​ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ နက်​နဲ​သော​စ​ကား​အား​ဖြင့် မ​ပေး၊ ကိုယ်​တိုင်​ကိုယ်​ကြပ် ထင်​ရှား​စွာ​ဗျာ​ဒိတ်​ပေး​မည်။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပုံ​သ​ဏ္ဌာန်​ကို​လည်း မြင်​ရ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ငါ့​ကျွန်​မော​ရှေ​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​ဝံ့​သ​နည်း​ဟု မိန့်​တော်​မူ​လျက်၊

တ​ရား​မင်း​စီ​ရင်​သည်​အ​တိုင်း၊ မှူး​မတ်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ​ပြီ။ လူ​တို့​တွင် အ​ကဲ​အ​မှူး​တို့​သည် တောင်​ဝှေး​တို့​နှင့် ရေ​တွင်း​ကို​တူး​ကြ​ပြီ​ဟု သီ​ချင်း​ဆို​လေ၏။

ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သံ​ကို သင်​တို့​သည်​ကြား​သ​ကဲ့​သို့၊ အ​ခြား​သော​လူ​မျိုး​သည် ကြား၍၊ အ​သက်​ချမ်း​သာ​ရ​ဖူး​သ​လော။

မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊

ထို​အ​ခါ ကျန်​ကြွင်း​သော​သူ​တို့​သည် သူ​ရဲ​ကြီး​တို့​ထံ​သို့ ဆင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် အ​စွမ်း​တန်​ခိုး​ကြီး​သော သူ​တို့​ထံ​သို့ ငါ့​အ​ဖို့​ဆင်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ