Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 24:10

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။

ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။

မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။

အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။

ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။

သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊

ငါ​လက်​ကို သိမ်း​ရုပ်​သော​အ​ခါ၊ ငါ့​ကျော​ကို​သာ​မြင်​ရ​မည်၊ ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။

လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

လ​ကဲ့​သို့ တင့်​တယ်​လျက်၊ နေ​ကဲ့​သို့ ထွန်း​လင်း​လျက်၊ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ နံ​နက်​ကဲ့​သို့ မျှော်​ရှု​သော​သ​တို့​သ​မီး​ကား၊ အ​ဘယ်​သူ​နည်း။

သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။

သ​က္က​ရာဇ်​သုံး​ဆယ်​ပြည့်၊ ယေ​ခေါ​နိ​မင်း​ကြီး​နန်း​ကျ ပ​ဥ္စ​မ​နှစ်၊ စ​တု​တ္ထ​လ​ငါး​ရက်​နေ့၌ ငါ​သည် သိမ်း​သွား​သော​သူ​တို့​တွင် ခေ​ဗာ​မြစ်​နား​မှာ​ရှိ​နေ​စဉ်၊

တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။

ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်​အ​ရှင်​နှင့် အ​ဘယ်​သို့​စ​ကား​ပြော​နိုင်​ပါ​အံ့​နည်း။ ယ​ခု​ပင် အ​ကျွန်ုပ်​ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။ အ​ကျွန်ုပ်​အ​သက်​လည်း ကုန်​ပါ​ပြီ​ဟု ငါ့​ရှေ့​မှာ ရပ်​နေ​သော​သူ​အား​ငါ​လျှောက်၏။

သူ၌​ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ နက်​နဲ​သော​စ​ကား​အား​ဖြင့် မ​ပေး၊ ကိုယ်​တိုင်​ကိုယ်​ကြပ် ထင်​ရှား​စွာ​ဗျာ​ဒိတ်​ပေး​မည်။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပုံ​သ​ဏ္ဌာန်​ကို​လည်း မြင်​ရ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ငါ့​ကျွန်​မော​ရှေ​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​ဝံ့​သ​နည်း​ဟု မိန့်​တော်​မူ​လျက်၊

သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။-

ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-

လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။

ထို​မြို့၏ အ​ရောင်​အ​ဝါ​သည်၊ ကျောက်​သ​လင်း န​ဂါး​သွဲ့​ကဲ့​သို့၊ အ​မြတ်​ဆုံး​သော ကျောက်​မျက်​မွန်​နှင့် တူ၏။-

ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ