Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:26

Judson Bible

သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တန်း​ကို ငါ​စုံ​လင်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ​၏။

အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။

ဒါ​ဝိဒ်​မင်း​သည် အ​သက်​ကြီး၍ ကာ​လ​ပြည့်​စုံ​ရာ အ​ချိန်​ရောက်​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍၊

သူ​တို့​နွား​လား​သည် မ​ချွတ်​မ​လွှဲ အ​ရွယ်​လိုက်​တတ်၏။ နွား​မ​သည်​လည်း ဝမ်း​ပိုး​မ​ပျက် ဖွား​တတ်၏။

အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​နှင့်​ကြွယ်​ဝ​သော်၊ အ​နိ​စ္စ ရောက်​လေ၏။ ယော​ဘ​ဝ​တ္တု​ပြီး၏။

အ​ချိန်​တန်​လျှင် သိမ်း​ယူ​သော​ကောက်​လှိုင်း​ကဲ့​သို့၊ သင်​သည် အ​သက်​ကြီး​ရင့်၍ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

အ​ကျွန်ုပ်​တို့၏​ဘ​ဏ္ဍာ​တိုက်​တို့​သည် အ​စား​အ​သောက် အ​သုံး​အ​ဆောင်​များ​နှင့် ပြည့်​စုံ​ခြင်း၊ သိုး​တို့​သည် ပြင်​အ​ရပ်​တို့၌ အ​ထောင်​အ​သောင်း​မွေး​ဖွား​ခြင်း၊

အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။

ထို​မြို့၌ အ​သက်​ငယ်​သော​သူ​ငယ် မ​ရှိ​ရ။ အ​သက်​မ​ပြည့်​စုံ​သော လူ​အို​လည်း မ​ရှိ​ရ။ အ​သက်​တစ်​ရာ​ရှိ​လျက် သေ​သော​သူ​ကို သူ​ငယ်​ဟူ၍ မှတ်​ရ၏။ အ​ပြစ်​ရှိ​သော​သူ​သည် အ​သက်​တစ်​ရာ​ရှိ​လျက် သေ​လျှင်၊ ကျိန်​ခြင်း​ကို​ခံ​ရ​သော​သူ​ဟူ၍ မှတ်​ရ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ပေး​သ​နား​တော်​မူ​ပါ။ အ​ဘယ်​သို့ ပေး​တော်​မူ​ရ​မည်​နည်း။ ကိုယ်​ဝန်​မ​ဆောင်​သော ဝမ်း၊ နို့​မ​ထွက်​သော သား​မြတ်​ကို ပေး​တော်​မူ​ပါ။

သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။

သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။

သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ