Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 23:27

Judson Bible

ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။

အ​ကျွန်ုပ်​ကို မုန်း​သော ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍ ဖျက်​ဆီး​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

ဂေ​ရာ​မြို့ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့်၊ ယု​ဒ​လူ​တို့​သည် ထို​မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ၍၊ သို​ထား​နှင့်​သော ဘ​ဏ္ဍာ​ဥ​စ္စာ​အ​များ​တို့​ကို သိမ်း​ယူ​ကြ၏။

အ​ကျွန်ုပ်​ကို မုန်း​သော​ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍၊ ဖျက်​ဆီး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

ထို​ကြောင့် သူ​တို့​မျက်​နှာ​တစ်​ဖက်၌ လေး​မြား​တို့​ကို​ရွယ်၍၊ သူ​တို့​ကျော​ကို လှည့်​စေ​တော်​မူ​မည်။

ကောင်း​ကင်​တ​မန်​ကို​လည်း သင်​တို့​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​သည် ခါ​န​နိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​နှင်​ထုတ်၍၊

တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် များ​ပြား​သော​ကြောင့်၊ မော​ဘ​ပြည်​သား​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ၍၊

ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​မျိုး​ခပ်​သိမ်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို အ​စိုး​ရ​ကြ​လိမ့်​မည်။

သင်​တို့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​အောင်၊ သင်​တို့​နင်း​သော​မြေ​အ​ရပ်၌ ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်။

မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​သ​ဖြင့်၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​မြတ်​ကို ဝင်​စား၍​နေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​လျောက်​ပတ်​သော အ​မှု​တို့​ကို​ပြု​ရ​မည်။

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။

စစ်​သူ​ရဲ​များ၊ လယ်​လုပ်​သူ​များ၊ အ​ခြား​သူ​များ​အ​ပေါင်း​တို့​သည် တပ်​သား​များ၊ လု​ယူ​သော​သူ​များ​နှင့်​တ​ကွ တုန်​လှုပ်​ကြ၍၊ မြေ​ကြီး​လည်း လှုပ်​သ​ဖြင့်၊ အ​လွန်​ကြီး​သော​တုန်​လှုပ်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ