ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
နံနက်တိုင်အောင် ထိုအသားကိုမကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညချင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊
အရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကိုမီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။
ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။
ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။
ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
ကျေးဇူးတော်ဝန်ခံဖို့ရာ ပူဇော်သော မိတ်သဟာယယဇ်အသားကို၊ ပူဇော်သောနေ့ချင်းတွင်စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါသောမုန့် မရှိရ။ ပထမနေ့ညဉ့်ဦးယံ၌ ပူဇော်သောယဇ်၏အသားကို တစ်ညလုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။