Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:17

Judson Bible

သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​မျိုး​အ​နွယ်​တို့​သည် ထို​မြို့​သို့​တက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျိုး​အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ တက်​သွား​ကြ၏။

ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​ငတ်​လှ၏။ အ​ဘယ်​ကာ​လ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ရောက်၍ မျက်​နှာ​ပြ​ရ​အံ့​နည်း။

သူ​တစ်​ပါး​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​မျက်​ရည်​သည် နေ့​ည​မ​ပြတ် ငါ​စား​စ​ရာ​ဖြစ်​ရ၏။

သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။

တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။

သင်​တို့​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​နှစ်​လျှင် သုံး​ကြိမ်​မျက်​နှာ​ပြ​ရ​ကြ​မည်။

သင်​တို့​သည် ငါ​ရှေ့​မှာ မျက်​နှာ​ပြ​ခြင်း​ငှာ​လာ​ကြ​သော​အ​ခါ၊ ငါ့​တံ​တိုင်း​တော်​ကို ကျော်​နင်း​သော​သင်​တို့​၌ ထို​သို့​သော​ဝတ်​ကို အ​ဘယ်​သူ​တောင်း​သ​နည်း။

ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍၊-

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ