ထွက်မြောက် 23:14Judson Bibleတစ်နှစ်တွင်သုံးကြိမ် ငါ့အဖို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အခန်းကိုကြည့်ပါ။ |
ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွှတ်ချခြင်းငှာ မြောက်တံခါးဖြင့် ဝင်သောသူသည် တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သောတံခါး တစ်ဖက်တစ်ချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။
အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။