Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 23:15

Judson Bible

အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

အ​ဗိ​ဗ​လ၊ ယ​နေ့၌​ပင်​သင်​တို့​သည် ထွက်​လာ​ကြ​ပြီ။

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

သင်​သည်​အ​ဗိ​ဗ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကြောင့်၊ ငါ​ပ​ညတ်​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ​တွင် ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား၍ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​မည်။

မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်၏​လည်​ပင်း​ကို ချိုး​ရ​မည်။ သင်၏​သား​ဦး​အ​ပေါင်း​တို့​ကို ရွေး​ရ​မည်။ ငါ့​ထံ​သို့ အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။

ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် သွား၍ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-

မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။-

ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ရ​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​နေ့ ရောက်​သော​အ​ခါ၊-

ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊-

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

သူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို လွှတ်​လိုက်​လျှင် ကိုယ်​ချည်း မ​လွှတ်​လိုက်​ကြ​နှင့်။ ဒု​စ​ရိုက်​ပူ​ဇော်​သ​ကာ​ကို ဆက်​ဆက်​ပေး​လိုက်​ရ​မည်။ သို့​ပြု​လျှင် ရော​ဂါ​ငြိမ်း​လိမ့်​မည်။ အ​ဘယ်​ကြောင့် လက်​တော်​မ​ရွေ့​သေး​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ