Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:12

Judson Bible

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌​နေ​သော တု​ရု​မြို့​သား​တို့​သည်​လည်း၊ ငါး​အ​စ​ရှိ​သည်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဥ​ပုသ်​နေ့၌ ယု​ဒ​အ​မျိုး​သား​တို့​အား ရောင်း​တတ်​ကြ၏။

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။

ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။

သင်​တို့​နေ​ရာ​အ​ရပ်၌ ဥ​ပုသ်​နေ့​မှာ မီး​ကို​မ​မွေး​ရ​ဟု ဆင့်​ဆို၏။

အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။-

ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ