Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:11

Judson Bible

သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။

ထို​မှ​တစ်​ပါး၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​တည်း​ဟူ​သော ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့​တွင် ရှေ့​တော်​မုန့်၊

ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

သင်​တို့​က​လည်း၊ သ​တ္တ​မ​နှစ်​တွင် ငါ​တို့​သည် အ​ဘယ်​သို့​စား​ရ​မည်​နည်း။ လယ်​မ​လုပ်​ရ။ အ​သီး​အ​နှံ​ကို​မ​သိမ်း​ရ​ပါ​တ​ကား​ဟု ဆို​လျှင်၊

သင်​တို့​သည် အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​လုပ်၍ န​ဝ​မ​နှစ်​တွင် အ​သီး​အ​နှံ​ကို​သိမ်း​ရာ ကာ​လ​တိုင်​အောင် ဟောင်း​သော​အ​သီး​အ​နှံ​ကို စား​ရ​ကြ​မည်။

ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။

သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ