Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:26

Judson Bible

အိမ်​နီး​ချင်း​သည် မိ​မိ​စောင်​ကို သင်၌​ပေါင်​ထား​လျှင်၊ မိုး​မ​ချုပ်​မီ ပြန်​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ညီ​အစ်​ကို​ပေါင်​ထား​သော ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် ခံ​ယူ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏ အ​ဝတ်​ကို​လည်း ချွတ်​ယူ​ပြီ။

မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။

ချမ်း​သော​ကာ​လ၌ ကိုယ်​ကို​ဖုံး​လွှမ်း​စ​ရာ အ​ဝတ်​မ​ရှိ။ အ​ချည်း​စည်း အိပ်​ရ​ကြ၏။

အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။

ထို​သို့​ပြု​သော​ကြောင့် ဆင်း​ရဲ​သား​ငို​ကြွေး​သံ​သည် ရှေ့​တော်​သို့ တက်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ၏ ငို​ကြွေး​သံ​ကို ကြား​တော်​မူ​ရ၏။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။

မ​ကျွမ်း​သော​သူ​အ​တွက်၊ အ​မျိုး​ပျက်​သော​မိန်း​မ​အ​တွက်၊ အာ​မ​ခံ​တတ်​သော​သူ​သည် အ​ဝတ်​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ပေါင်​ထား​စေ။

သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊

ပေါင်​ထား​သော​ဥ​စ္စာ​ကို မ​သို​ထား၊ လု​ယူ​သော​ဥ​စ္စာ​ကို ပြန်​ပေး​လျက်၊ အ​ဓ​မ္မ​အ​မှု​ကို မ​ပြု​ဘဲ အ​သက်​ရှင်​ရာ ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​လျှင်၊ အ​သေ​မ​ခံ​ရ​ဘဲ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။

ကြိတ်​ဆုံ​အ​ပေါ် ကျောက်​ပြား​ကို​ဖြစ်​စေ၊ အောက်​ကျောက်​ပြား​ကို ဖြစ်​စေ၊ အ​ဘယ်​သူ​မျှ အ​ပေါင်​မ​ယူ​ရ။ ထို​သို့​ယူ​လျှင်၊ သူ့​အ​သက်​ကို အ​ပေါင်​ယူ​သည်​နှင့်​တူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ