Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:25

Judson Bible

ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။

ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။

မှူး​မတ်​နှင့် မင်း​အ​ရာ​ရှိ​တို့​ကို ခေါ်၍၊ သင်​တို့​သည် အ​မျိုး​သား​ချင်း​တို့၌ အ​တိုး​စား​တတ်​ကြ​သည် တ​ကား​ဟု ဆုံး​မ​သ​ဖြင့်၊ သူ​တို့​တစ်​ဖက်၌ လူ​အ​များ​တို့​ကို စု​ဝေး​စေ​လျက်၊

ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။

အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။

အ​တိုး​စား၍​ငွေ​ချေး​ခြင်း​ကို​ပြု​သော သူ​ဖြစ်​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​သက်​မ​ရှင်​ရ။ ထို​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​ကို​ပြု​သော​ကြောင့်၊ စင်​စစ်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

ဆင်း​ရဲ​သော သူ​ကို​ချမ်း​သာ​ပေး​ခြင်း၊ အ​တိုး​မ​စား​ဘဲ​ငွေ​ချေး​ခြင်း​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ​သည် အ​ဘ၏​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​မည်​မ​ဟုတ်။ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊

အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊

သင့်​အ​လယ်၌​လည်း လူ​အ​သက်​သတ်​ခ​ကို​ခံ​ကြ၏။ အ​တိုး​စား၍ ငွေ​ကို​ချေး​ကြ၏။ အိမ်​နီး​ချင်း၏​ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ငါ့​ကို​လည်း မေ့​လျော့​ကြ၏။

ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့​အပ်​ရ​မည်။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို ရ​နိုင်၏။-

ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊-

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​တွင်၊ မြို့​တစ်​စုံ​တစ်​မြို့၌ ဆင်း​ရဲ​သော ညီ​အစ်​ကို​ချင်း​ရှိ​လျှင်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို၌ သင်​သည် သ​နား​သော​စိတ်​ကို မ​ချုပ်​တည်း​ရ။ လက်​ကို​လည်း မ​ပိတ်​ရ။

သူ​သည် မိ​မိ​အ​ဝတ်​ကို​ဝတ်​ခြုံ​လျက် အိပ်​ပျော်၍ သင့်​ကို​ကောင်း​ချီး​ပေး​မည် အ​ကြောင်း၊ သူ​ပေါင်၍​ထား​သော ဥ​စ္စာ​ကို နေ​ဝင်​လျှင် ဆက်​ဆက်​ပြန်​အပ်​ရ​မည်။ ထို​သို့​ပြု​သော​အ​မှု​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​မှု ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ