Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:20

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော​သူ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။

မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မှု​ပြီး​သော​အ​ခါ၊ ယေ​ဟု​က​ဝင်၍ သတ်​ကြ​လော့။ တစ်​ယောက်​ကို​မျှ မ​ထွက်​စေ​နှင့်​ဟု တပ်​သား​နှင့်​တပ်​မှူး​တို့​အား ဆို​သည်​အ​တိုင်း၊ တပ်​သား​နှင့်​တပ်​မှူး​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍ အ​သေ​ကောင်​များ​ကို ထုတ်​ပစ်​ပြီး​မှ၊

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​သော​သူ၊ ယောက်ျား​မိန်း​မ အ​ကြီး​အ​ငယ်​မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊

တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊

သင်​တို့​အ​သီး​အ​သီး ဖူး​မျှော်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို စွန့်​ပစ်​ကြ​လော့။ အဲ​ဂု​တ္တု​ရုပ်​တု​တို့​နှင့် ကိုယ်​ကို​ကိုယ် မ​ညစ်​ညူး​စေ​ကြ​နှင့်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု ငါ​ဆို​သော်​လည်း၊

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

သင်၏​ပြည်၌ တည်း​နေ​သော​ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ စ​ကား​ကို​နား​ထောင်၍၊ ထို​ခါ​နာန်​အ​မျိုး​သား​တို့​ကို အပ်​တော်​မူ၏။ သူ​တို့​နှင့် သူ​တို့​မြို့​များ​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ထို​အ​ရပ်​ကို ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။

မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ဘက်၌ တ​ရား​စီ​ရင်၍၊ ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို စုံ​မက်​သ​ဖြင့်၊ အ​ဝတ်​အ​စား​တို့​ကို ပေး​သ​နား​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

သူ​တို့​အ​မျိုး​အ​နွယ်​သည် သုံး​ဆက်​မြောက်​မှ​သာ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​ဖြစ်​ရ​သော အ​ခွင့်​ရှိ၏။

တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ