Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 22:19

Judson Bible

တိ​ရ​စ္ဆာန်​နှင့်​သင့်​နေ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မြင့်​သော​အ​ရပ်​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ ကွပ်​မျက်၍၊ လူ​သေ​အ​ရိုး​တို့​ကို မီး​ရှို့​ပြီး​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​သော​သူ၊ ယောက်ျား​မိန်း​မ အ​ကြီး​အ​ငယ်​မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊

ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။

သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ၍ တိ​ရ​စ္ဆာန်​နှင့်​မ​ပေါင်း​ဖော်​ရ။ မိန်း​မ​သည်​လည်း မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​မ​ခံ​ရ။ ရွံ​ရှာ​ဖွယ်​သော ရော​နှော​ခြင်း​ဖြစ်၏။

သူ​တို့​ပြည်​သည်​လည်း ညစ်​ညူး၏။ ညစ်​ညူး​သော​အ​ပြစ်​ကြောင့် ငါ​ဆုံး​မ၍၊ ထို​ပြည်​သည် မိ​မိ​သား​တို့​ကို အော့​အန်​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။

လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို မြို့​လမ်း​မ​အ​လယ်၌​စု​ပုံ၍၊ ထို​မြို့​နှင့်​တ​ကွ လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရ​မည်။ ထို​မြို့​သည် အ​စဉ်​အ​မြဲ အ​မှိုက်​ပုံ​ဖြစ်​ရ​မည်။ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။

သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​တို့​တွင်၊ နေ၊ လ၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​စ​ရှိ​သော ငါ​မြစ်​တား​သ​မျှ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး၍၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ရှိ​သည်​ဟု၊

ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။

တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​မျိုး​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ