Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:20

Judson Bible

အ​ဘ​က​လည်း၊ ထို​သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် သူ့​ကို​ပစ်​ထား​ခဲ့​သ​နည်း။ အ​စာ​စား​စေ​ခြင်း​ငှာ သူ့​ကို​ခေါ်​ချေ​ကြ​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။

လာ​ဗန်​သည် မိ​မိ​တူ​ယာ​ကုပ်၏ သ​တင်း​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကြို​ဆို​ခြင်း​ငှာ အ​လျင်​အ​မြန်​သွား၍၊ ပိုက်​ဖက်​နမ်း​ရှုတ်​လျက်၊ မိ​မိ​အိမ်​သို့​ဆောင်​သွား​လေ၏။ ယာ​ကုပ်​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ကြား​ပြော​လျှင်၊

ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။

မွန်း​တည့်​ချိန်၌ ယော​သပ်​လာ​လိမ့်​မည်​ဟု သူ​တို့​သည်​မျှော်​လင့်၍ လက်​ဆောင်​ကို​ပြင်​နှင့်​ကြ​၏။ ထို​အိမ်​၌​သူ​တို့​သည် အ​စာ​ကို​စား​ရ​လိမ့်​မည်​ဟု သူ​တို့​သည်​ကြား​လေ​သ​တည်း။

ဧည့်​သည်​သည် လမ်း၌​ည​ကို မ​လွန်​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခ​ရီး​သွား​သော​သူ​တို့​အား ကိုယ်​တံ​ခါး​ကို ဖွင့်​ထား​ပြီ။

ထို​အ​ခါ သူ၏​ညီ​အစ်​ကို​နှ​မ​များ၊ အ​ရင်​သိ​ကျွမ်း​သော​သူ​များ၊ အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​လာ၍ သူ၏​အိမ်၌ သူ​နှင့်​အ​တူ စား​သောက်​ကြ၏။ သူ့​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား ရောက်​စေ​တော်​မူ​သော ဒု​က္ခ​ဆင်း​ရဲ​ရှိ​သ​မျှ​ကို အောက်​မေ့၍ သူ​နှင့်​အ​တူ ညည်း​တွား​ခြင်း​နှင့် နှစ်​သိမ့်​စေ​ခြင်း​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငွေ​တစ်​ပြား​စီ​နှင့် ရွှေ​နား​တောင်း​တစ်​ဖက်​စီ ပေး​ကြ၏။

သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။

မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။

ကောင်း​သော​အ​ကျင့်​ကို​ကျင့်၍ အ​သ​ရေ​ရှိ​သော​သူ၊ သူ​ငယ်​တို့​ကို ကျွေး​မွေး​ခြင်း၊ ဧည့်​သည်​ဝတ်​ပြု​ခြင်း၊ သန့်​ရှင်း​သူ​တို့၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို လုပ်​ကျွေး​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့၌ ကြိုး​စား အား​ထုတ်​ခြင်း​ကို ပြု​ဖူး​သော​သူ​ဖြစ်​လျှင်၊ စာ​ရင်း​အင်း ဝင်​စေ။-

အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ