သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။
ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏သိုးတို့ကို ရေတိုက်လေ၏။
ထိုသို့ အာတဒ်ကောက်နယ်တလင်း၌ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သားခါနာန်လူတို့သည်မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေးမြည်တမ်းပါသည်တကားဟု ဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နားမှာရှိသောထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍သမုတ်ကြသတည်း။
ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။
အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။