Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:16

Judson Bible

ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊

မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊

အ​ကျွန်ုပ်​သည်၊ ဤ​ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ထို​မြို့​သူ​သ​တို့​သ​မီး​တို့​သည်၊ ရေ​ခပ်​ခြင်း​ငှာ​လာ​ကြ​သည်​တွင်၊

မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။

ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။

ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

မြို့​ပြင်​ကုန်း​ပေါ်​သို့ ရောက်​သော​အ​ခါ၊ ရေ​ခပ်​လာ​သော မိန်း​မ​ပျို​တို့​ကို​တွေ့၍၊ ဤ​အ​ရပ်၌ မြင်​သော​သူ​ရှိ​သ​လော​ဟု မေး​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ