Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 2:15

Judson Bible

ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊

ထို​မိန်း​မ​သည် ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို ဖွား​မြင်​လေ၏။

မိ​ဒျန်​သား​ကား၊ ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ၊ ဧ​လ​ဒါ​တည်း။ ထို​သူ​အ​ပေါင်း​တို့​ကား ကေ​တု​ရ​အ​နွယ်​ဖြစ်​ကြ​သ​တည်း။

မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။

မိ​ဒျန်​ပြည်​မှ​ထွက်၍ ပါ​ရန်​ပြည်​သို့ ရောက်​လေ၏။ တစ်​ဖန် ပါ​ရန်​ပြည်​သား​အ​ချို့​တို့​ကို ခေါ်၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​ထံ​သို့ ရောက်​လေ​သော်၊ ထို​မင်း​သည် အိမ်​နှင့်​မြေ​ကို​ပေး၍ ကျွေး​မွေး​လေ၏။

သား​တစ်​ယောက်​ကား၊ ဧ​လျေ​ဇာ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​သည် ငါ့​ကို​မ​စ၍ ဖာ​ရော​ဘု​ရင်၏​ဓား​မှ ကယ်​လွှတ်​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​သွား​လော့။ သင်၏​အ​သက်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ပြီ​ဟု မိ​ဒျန်​ပြည်၌ မော​ရှေ​အား​မိန့်​တော်​မူ၏။

သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-

ထို​အ​ရပ်၌ ယာ​ကုပ်၏​ရေ​တွင်း​ရှိ၏။ ယေ​ရှု​သည် ခ​ရီး​သွား၍ ပင်​ပန်း​သော​ကြောင့် ရေ​တွင်း​နား​မှာ ထိုင်​တော်​မူ၏။ ထို​အ​ချိန်​သည် ခြောက်​နာ​ရီ​အ​ချိန်​ဖြစ်၏။

ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။

ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ