Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:22

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ​ရ​မည်။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။

ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဆင်း​သွား​လော့။ သင်​နှင့် အာ​ရုန်​သာ​လျှင် တက်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​တက်​ခြင်း​ငှာ မ​ကျော်​မ​ဝင်​စေ​နှင့်။ သို့​မ​ဟုတ် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ပျို​တို့​ကို စေ​ခိုင်း​သည်​အ​တိုင်း၊ သူ​တို့​သည် နွား​များ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ကြ၏။

ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ မိ​မိ​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မိ​မိ​ဘု​ရား​သ​ခင်၏ အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​သော​ကြောင့် သန့်​ရှင်း​ခြင်း​ရှိ​ရ​မည်။

သင်​သည်​လည်း လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​လော့။ အ​မဲ​သား​ကို စား​ရ​ကြ​မည်။ သင်​တို့​က အ​ဘယ်​သူ​သည် ငါ​တို့​အား အ​မဲ​သား​ကို​ပေး​လိမ့်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်၌​နေ​စဉ်၊ ငါ​တို့​သည်​ချမ်း​သာ​စွာ​နေ​ကြ၏​ဟု ငို​ကြွေး​လျက်​ပြော​ဆို​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​သော​ကြောင့်၊ အ​မဲ​သား​ကို​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် စား​ရ​ကြ​မည်။

ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။-

ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ