Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 19:21

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့် ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သ​နည်း။ ဤ​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို ငါ​သွား၍ ကြည့်​ရှု​မည်​ဟု​ဆို၏။

ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။

သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို ချဉ်း​ကပ်​သော​အ​ခါ သေ​ဘေး​လွတ်၍ အ​သက်​ရှင်​မည်​ဖြစ်​ကြောင်း အာ​ရုန်​နှင့် သူ၏​သား​တို့​သည် အ​ရင်​ဝင်၍ လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​တို့​ကို​ခွဲ​ခန့်​ရ​မည်။

သို့​ရာ​တွင် သန့်​ရှင်း​သော​အ​ရာ​တို့​ကို​ဖုံး​အုပ်​စဉ်​အ​ခါ ကော​ဟတ်​သား​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ထဲ​သို့​ဝင်၍​မ​ကြည့်​ရ​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ