Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:20

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သိ​နာ​တောင်​ထိပ်​ပေါ်​သို့​ဆင်း​သက်၍၊ မော​ရှေ​ကို တောင်​ထိပ်​ပေါ်​သို့​ခေါ်​တော်​မူ​လျှင်၊ မော​ရှေ​သည်​တက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။

ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။

သင်​သည် ဒု​က္ခ​ကို​ခံ​ရ​သော​အ​ခါ၊ ငါ့​ကို​ခေါ်၍ ငါ​သည်​ချမ်း​သာ​ပေး၏။ မ​ထင်​ရှား​သော​မိုး​ကြိုး​နေ​ရာ၌ ငါ​ပြန်​ပြော၏။ မေ​ရိ​ဘ​ရေ​နား​မှာ သင့်​ကို​ငါ​စုံ​စမ်း၏။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊

မော​ရှေ​သည်​တောင်​တော်​ပေါ်​သို့​တက်၍၊ မိုး​တိမ်​သည် တောင်​တော်​ကို လွှမ်း​မိုး၏။

မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။

နက်​ဖြန်​နံ​နက် သင်​သည်​အ​သင့်​နေ​လျက်၊ သိ​နာ​တောင်​ပေါ်​သို့​တက်၍ တောင်​ထိပ်၌ ငါ့​ရှေ့​မှာ​ကိုယ်​ကို​ပြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​ကို ခံ​ယူ​ခြင်း​ငှာ၊ တောင်​ပေါ်​သို့ ငါ​တက်​သော​အ​ခါ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ တောင်​ပေါ်​မှာ​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ