မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကိုလျှော်ကြ၏။
ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့တွင်ပါသော၊ တစ်ပါးအမျိုးသားတို့၏ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။
သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်အဖို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ကိုယ်ကိုလည်းကောင်း၊ ညီအစ်ကိုတို့ကိုလည်းကောင်း၊ သန့်ရှင်းစေကြလော့။
ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊
ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။
မီးကိုခံနိုင်သော အရာရှိသမျှတို့ကို မီးအလယ်၌သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သော အရာရှိသမျှတို့ကို ရေအလယ်၌သွားစေရမည်။
ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊