Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 19:13

Judson Bible

ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည် တောင်​ပေါ်​မှ လူ​တို့​ရှိ​ရာ​သို့​ဆင်း​သက်၍၊ သူ​တို့​ကို သန့်​ရှင်း​စေ၏။ သူ​တို့​သည် မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ကြ​၏။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။

တံ​ပိုး​မြည်​သံ​သည်​ကြာ​ကြာ​မြည်​လျက်၊ အ​သံ​တိုး၍ ကြီး​သော​အ​ခါ၊ မော​ရှေ​သည်​ခေါ်၍၊ ဘု​ရား​သ​ခင်​သည် စ​ကား​သံ​နှင့်​ထူး​တော်​မူ​၏။

သင်​နှင့်​အ​တူ အ​ဘယ်​သူ​မျှ​မ​တက်​ရ။ တောင်​တစ်​ပြင်​လုံး၌ လူ​ကို မ​ထင်​ရှား​စေ​နှင့်။ တောင်​ခြေ​ရင်း၌ သိုး​နွား​တို့​ကို ကျက်​စား​ရာ​မ​ပြု​စေ​နှင့်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။-

သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သော်​လည်း ထို​တောင်​ကို ထိ​မိ​လျှင်၊ ကျောက်​ခဲ​နှင့် ပစ်၍ သေ​စေ​ဟု ပ​ညတ်​တော်​မူ​သံ​ကို လူ​တို့​သည် နား​မ​ခံ​နိုင်​ကြ။-

ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ