Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:7

Judson Bible

မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ခေ​ဒေါ​ရ​လော​မာ​နှင့်၊ သူ့​ဘက်​က​နေ​သော​မင်း​ကြီး​တို့​ကို လုပ်​ကြံ​ရာ​မှ အာ​ဗြံ​ပြန်​လာ​သော​အ​ခါ၊ သော​ဒုံ​မင်း​ကြီး​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ရှာ​ဝေ​ချိုင့်​တည်း​ဟူ​သော မင်း​ကြီး​ချိုင့်​သို့​ထွက်​သွား၏။

မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊

ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊

လာ​ဗန်​သည် မိ​မိ​တူ​ယာ​ကုပ်၏ သ​တင်း​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကြို​ဆို​ခြင်း​ငှာ အ​လျင်​အ​မြန်​သွား၍၊ ပိုက်​ဖက်​နမ်း​ရှုတ်​လျက်၊ မိ​မိ​အိမ်​သို့​ဆောင်​သွား​လေ၏။ ယာ​ကုပ်​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ကြား​ပြော​လျှင်၊

ငါ့​သား​သ​မီး​တို့​ကို​ငါ​နမ်း​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့်​အ​ခွင့်​မ​ပေး​သ​နည်း။ သင်​သည် မိုက်​စွာ​ပြု​လေ​ပြီ​တ​ကား။

ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။

တစ်​ဖန် အစ်​ကို​ရှိ​သ​မျှ​တို့​ကို​နမ်း၍ သူ​တို့​နှင့်​ငို​သော​နောက် အ​ချင်း​ချင်း​နှုတ်​ဆက်​ကြ၏။

ယော​သပ်​သည်​ရ​ထား​ကို​ပြင်၍ အ​ဘ​ဣ​သ​ရေ​လ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဂေါ​ရှင်​ပြည်​သို့​သွား၍ အ​ဘ​ရှေ့​သို့​ရောက်​သော်၊ အ​ဘ၏​လည်​ပင်း​ကို​ဖက်​လျက် ကြာ​ကြာ​ငို​လေ​၏။

ဥ​ရိ​ယ​ရောက်​လာ​သော​အ​ခါ ဒါ​ဝိဒ်​က၊ ယွာ​ဘ​ကျန်း​မာ၏​လော။ လူ​များ​ကျန်း​မာ၏​လော။ စစ်​တိုက်၍ အောင်​မြင်​သ​လော​ဟု မေး​မြန်း​ပြီး​မှ၊

ရှင်​ဘု​ရင်​သည် မယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထ၍​ဦး​ချ​ပြီး​မှ၊ ပ​လ္လင်​တော်​ပေါ်​မှ ထိုင်​တော်​မူ၏။ မယ်​တော်​ထိုင်​စ​ရာ​ဖို့ စီ​ရင်၍ သူ​သည် လက်​ယာ​တော်​ဘက်​မှာ ထိုင်​လေ၏။

သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ကိုယ်​တော်၏​ယော​က္ခ​မ​ယေ​သ​ရော​နှင့် ကိုယ်​တော်၏​မ​ယား၊ သား​နှစ်​ယောက်​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ပါ​ပြီ​ဟု မော​ရှေ​အား​ကြား​ပြော​သော်၊

မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ရှေ​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​တော​သို့​သွား​လော့​ဟု အာ​ရုန်​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​သည်​သွား​လျှင်၊ ဘု​ရား​သ​ခင်၏​တောင်​ပေါ်၌ မော​ရှေ​ကို​တွေ့၍ နမ်း​ခြင်း​ကို​ပြု၏။

ဗာ​လမ်​ရောက်​သော​သ​တင်း​ကို ဗာ​လက်​မင်း​ကြား​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ၊ မော​ဘ​ပြည်​စွန် အာ​နုန်​ချောင်း​နား​မှာ​ရှိ​သော မြို့​တစ်​မြို့​သို့​ထွက်​သွား၏။

သင်​သည် ငါ့​ကို​မ​နမ်း၊ သူ​မူ​ကား၊ အိမ်​သို့​ဝင်​သော အ​ချိန်​မှ​စ၍ ငါ့​ခြေ​ကို နမ်း​လျက်​မ​စဲ​ဘဲ​နေ၏။-

ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ငို​ကြွေး၍၊ ပေါ​လု၏​လည်​ပင်း​ကို ဖက်​ယမ်း​လျက် သူ့​ကို​နမ်း​ကြ၏။-

ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။

ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။

ဤ​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း ယူ၍ သူ​တို့​တပ်​မှူး​အား​ဆက်​လော့။ သင့်​အစ်​ကို​တို့​သည် ကျန်း​မာ​ခြင်း ရှိ​သည်​မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ သူ​တို့​ထံ​မှာ သက်​သေ​တစ်​စုံ​တစ်​ခု​ကို ခံ​ယူ​လော့​ဟု မှာ​လိုက်​လေ၏။

ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော​အ​ရာ​တို့​ကို ရိ​က္ခာ​စောင့်​လက်၌ အပ်​ထား​ပြီး​လျှင်၊ တပ်​သား​စု​ထဲ​သို့​ပြေး၍ မိ​မိ​အစ်​ကို​တို့​ကို နှုတ်​ဆက်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ