ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအားကြားပြောသော်၊
မောရှေ၏ယောက္ခမယေသရောသည် မောရှေမယားနှင့် သားတို့ကိုယူ၍၊ တော၌ ဘုရားသခင်၏တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊
မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တစ်ယောက်နှင့် တစ်ယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။
ထိုအခါ၊ မောရှေသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။