ထွက်မြောက် 18:26Judson Bibleထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။ အခန်းကိုကြည့်ပါ။ |
တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သောအမှုကို ငါ့ထံမှာအယူခံရမည်။ ငါလည်းနားထောင်မည်ဟု မှာခဲ့၏။