Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 18:25

Judson Bible

တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တ​ပြည်​သည် သင့်​ရှေ့​မှာ​ရှိ၏။ သင်၏​အ​ဘ​နှင့် သင်၏​အစ်​ကို​တို့​ကို အ​ကောင်း​ဆုံး​သော​အ​ရပ် ဂေါ​ရှင်​ပြည်၌​နေ​ရာ​ချ​လော့။ သူ​တို့​တွင် အ​စွမ်း​သ​တ္တိ​ရှိ​သော​သူ​အ​ချို့​တို့​ကို​တွေ့​လျှင် ငါ၏​သိုး​နွား​အုပ်​အ​ရာ၌​ခန့်​ထား​လော့​ဟု ယော​သပ်​အား မိန့်​တော်​မူ၏။

ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော လူ​တို့​ကို​ရေ​တွက်၍ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊

ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။

အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကျွမ်း​ကျင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို ငါ့​ရှေ့​မှာ​စု​ဝေး​စေ​ပြီး​လျှင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ခေါ်​ခဲ့၍ သင်​နှင့်​အ​တူ​ရပ်​နေ​ကြ​စေ​လော့။

ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊-

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ