Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 17:8

Judson Bible

ထို​အ​ခါ အာ​မ​လက်​လူ​တို့​သည်​လာ၍၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ပြန်​လာ၍၊ ကာ​ဒေ​ရှ​ပြည်၊ အင်​မိ​ရှ​ပတ်​မြို့​သို့​ရောက်​ပြီး​လျှင်၊ အာ​မ​လက်​ပြည်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​ဇ​ဇု​န္တ​မာ​မြို့၌​နေ​သော အာ​မော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ​ကြ​၏။

ဧ​သော​သား​ဧ​လိ​ဖတ်၏​မ​ယား​ငယ်၊ တိ​မ​န​ဖွား​သော​သား​ကား၊ အာ​မ​လက်​တည်း။ ဤ​သူ​တို့​သည် ဧ​သော​မ​ယား​အာ​ဒ၏​အ​နွယ်​ဖြစ်​သ​တည်း။

ဗိုလ်​ဂါ​တံ၊ ဗိုလ်​အာ​မ​လက်​တည်း။ ဤ​ဗိုလ်​တို့​သည်​အာ​ဒ၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ဧ​လိ​ဖတ်​ရ​သော​သား​ဖြစ်​သ​တည်း။

ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။

အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

တစ်​ဖန် အာ​မ​လက်​ပြည်​ကို​ကြည့်​ရှု၍ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ အာ​မ​လက်​အ​မျိုး​သည် လူ​မျိုး​တ​ကာ​တို့​ထက် အ​ထွတ်​ဖြစ်​ဖူး​သော်​လည်း၊ အ​ဆုံး၌ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊

ဗိုလ်​ခြေ​များ​ကို နှိုး​ဆော်၍ အာ​မ​လက်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လု​ယက်​ဖျက်​ဆီး​သော သူ​တို့​လက်​မှ ကယ်​နုတ်​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး၌၊ အာ​မ​လက်​အ​မျိုး​ပြု​သော ဆီး​တား​ခြင်း​အ​မှု​ကို ငါ​မှတ်​လျက်​ရှိ၏။

တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် သွား၍ ဂေ​ရှု​ရိ​လူ၊ ဂေ​ရ​ဇိ​လူ၊ အာ​မ​လက်​လူ​တို့​ကို တိုက်​ကြ၏၊၊ ထို​လူ​မျိုး​တို့​သည် ရှေး​ကာ​လ၌ ရှု​ရ​မြို့​လမ်း​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် အ​မြဲ​နေ​သော​သူ ဖြစ်​သ​တည်း။

သုံး​ရက်​လွန်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည် တောင်​ပြည်​နှင့် ဇိ​က​လတ်​မြို့​ကို တိုက်​သ​ဖြင့်၊ ဇိ​က​လတ်​မြို့​ကို လုပ်​ကြံ၍ မီး​ရှို့​နှင့်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ