Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 17:7

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင်​ရှိ​သ​လော၊ မ​ရှိ​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​စုံ​စမ်း၍ ရန်​တွေ့​သော​အ​ကြောင်း​ကြောင့်၊ ထို​အ​ရပ်​ကို မဿာ​နှင့်​မေ​ရိ​ဘ​ဟု သ​မုတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် မေ​ရိ​ဘ​ရေ​အ​နား​မှာ အ​မျက်​တော်​ကို​နှိုး​ဆော်​ကြ​သ​ဖြင့်၊ သူ​တို့​အ​တွက်​ကြောင့် မော​ရှေ၌ အ​မင်္ဂ​လာ​ဖြစ်​လေ၏။

မိ​မိ​တို့​အ​လို​အ​လျောက် အ​စာ​ကို​တောင်း၍ စိတ်​နှ​လုံး​ထဲ​မှာ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။

သင်​သည် ဒု​က္ခ​ကို​ခံ​ရ​သော​အ​ခါ၊ ငါ့​ကို​ခေါ်၍ ငါ​သည်​ချမ်း​သာ​ပေး၏။ မ​ထင်​ရှား​သော​မိုး​ကြိုး​နေ​ရာ၌ ငါ​ပြန်​ပြော၏။ မေ​ရိ​ဘ​ရေ​နား​မှာ သင့်​ကို​ငါ​စုံ​စမ်း၏။

ငါ၏​လူ​စု၊ နား​ထောင်​လော့။ ငါ​မှာ​ထား​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။

ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​ကြား​လျက် ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။

ထို​ကြောင့်​လူ​များ​တို့​က၊ သောက်​ဖို့​ရေ​ပေး​ပါ​ဟု​ဆို၍ မော​ရှေ​ကို​ရန်​တွေ့​ကြ၏။ မော​ရှေ​က​လည်း၊ ငါ့​ကို အ​ဘယ်​ကြောင့်​ရန်​တွေ့​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း​ဟု​ဆို​လေ​၏။

အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။

ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု​သော်​လည်း၊ သူ​တို့​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို ခံ​တော်​မူ​သော​ကြောင့်၊ ထို​ရေ​သည် မေ​ရိ​ဘ​ရေ​ဖြစ်​သ​တည်း။

သင်​တို့​သည် မေ​ရိ​ဘ​စမ်း​ရေ​နား​မှာ ငါ့​စ​ကား​ကို​ဆန့်​ကျင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာ​ရုန်​သည်​မ​ဝင်​ရ။ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ပ​ရိ​သတ်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ရုန်း​ရင်း​ခတ်​ပြု​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​စ​ကား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ သူ​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော အ​ပြစ်​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။

လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊

သင်​သည် မဿာ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စုံ​အ​စမ်း​မ​ပြု​ရ။

တ​ဗေ​ရ​အ​ရပ်၊ မဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်၌​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​အောင် ပြု​ကြ၏။

ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သား​ဖိ​န​ဟတ်​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​ကြောင်း​ကို ယ​နေ့ ငါ​တို့​သိ​မြင်​ကြ၏။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​လက်​တော်​မှ ယ​ခု​ကယ်​လွှတ်​ကြ​ပြီ​ဟု ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အား ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ