Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 17:13

Judson Bible

ယော​ရှု​သည်​လည်း အာ​မ​လက်​မင်း​နှင့် လူ​များ​တို့​ကို​ဓား​လက်​နက်​ဖြင့် လုပ်​ကြံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

သူ​တို့​သည် ဓား​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​သွား​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မိ​မိ​တို့ အ​ချိန်​ကာ​လ မ​ပြည့်​စုံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို ခြေ​နှင့် နင်း​ကြ​လိမ့်​မည်။

ထို​နေ့၌ ယော​ရှု​သည် မ​က္က​ဒါ​မြို့​ကို​တိုက်​ယူ၍ မြို့​နှင့် မင်း​ကြီး​ကို ဓား​နှင့်​လုပ်​ကြံ​ပြီး​လျှင်၊ မင်း​ကြီး​နှင့်​တ​ကွ မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ မ​က္က​ဒါ​မင်း​ကြီး​ကို ပြု​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​ကို ဣ​သ​ရေ​လ​လူ​တို့ လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ဒု​တိ​ယ​နေ့၌​ရ၍ လိ​ဗ​န​မြို့​ကို​ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။

ရ​သော​အ​ခါ၊ ဧ​ဂ​လုန်​မြို့​ကို ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍ မြို့​နှင့်​မြို့​သား​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ​သော​ကြောင့်၊ ထို​ပြည်​များ​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို တစ်​ခါ​တည်း​အောင်​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ ထို​မင်း​ကြီး​များ​အ​စိုး​ရ​သော မြို့​ရှိ​သ​မျှ​တို့​နှင့် မင်း​ကြီး​အ​ပေါင်း​တို့​ကို ယော​ရှု​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

အာ​ဣ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင် မ​ဖျက်​ဆီး​မီ​တိုင်​အောင် ယော​ရှု​သည် လှံ​ကိုင်​သော​လက်​ကို မ​သိမ်း​မ​ရုပ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ