Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 17:12

Judson Bible

သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို လိုက်​သော​သူ​တို့​ရှေ့၌ လှံ​တော်​ကို​ရွယ်၍ ဆီး​တား​တော်​မူ​ပါ။ ငါ​သည် သင်၌​ချမ်း​သာ​ပေး​သော သူ​ပေ​တည်း​ဟု အ​ကျွန်ုပ်၏​ဝိ​ညာဉ်​အား မိန့်​တော်​မူ​ပါ။

မော​ရှေ​သည် လက်​ကို​ချီ​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် နိုင်​ကြ၏။ လက်​ကို​ချ​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည်​နိုင်​ကြ​၏။

ယော​ရှု​သည်​လည်း အာ​မ​လက်​မင်း​နှင့် လူ​များ​တို့​ကို​ဓား​လက်​နက်​ဖြင့် လုပ်​ကြံ​လေ၏။

အ​သက်​ကြီး​သူ​တို့​အား​လည်း၊ ငါ​တို့​မ​လာ​မီ​တိုင်​အောင် ဤ​အ​ရပ်၌ ငံ့​နေ​ကြ​လော့။ အာ​ရုန်​နှင့်​ဟု​ရ​သည် သင်​တို့၌​ရှိ​သည်​ဖြစ်၍၊ မည်​သည့်​သူ​မ​ဆို အ​မှု​အ​ခင်း​ရှိ​လျှင်၊ သူ​တို့​ထံ​သို့​သွား​စေ​ဟု မှာ​ထား​လေ၏။

အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။

သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။-

ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။-

ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။-

သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။-

အာ​ဣ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင် မ​ဖျက်​ဆီး​မီ​တိုင်​အောင် ယော​ရှု​သည် လှံ​ကိုင်​သော​လက်​ကို မ​သိမ်း​မ​ရုပ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ