Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 15:26

Judson Bible

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

42 ပူးပေါင်းရင်းမြစ်များ  

ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။

ဧ​လိ​ရှဲ​သည် စမ်း​ရေ​တွင်း​သို့​သွား၍ ဆား​ကို​ခတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ဤ​ရေ​ကို​ငါ​ချို​စေ၏။ နောက်​တစ်​ဖန် သေ​စေ​မည်​အ​ကြောင်း၊ ကိုယ်​ဝန်​ပျက်​စေ​မည်​အ​ကြောင်း​ကို မ​ပြု​ရ​ဟု၊

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သ​မျှ​သော​လမ်း​သို့ လိုက်​လေ၏။

ထို​အ​ရှင်​သည် အ​နာ​ကို​ဖြစ်​စေ၍၊ ထို​အ​နာ​ကို​လည်း စည်း​စေ​တော်​မူ၏။ ဒဏ်​ခတ်​တော်​မူ၍ လက်​တော်​နှင့် သက်​သာ​စေ​တော်​မူ၏။

သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။

စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။

သင်၌ တစ်​ပါး​အ​မျိုး၏​ဘု​ရား​မ​ရှိ​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​ကို မ​ကိုး​ကွယ်​ရ။

သန်း​ခေါင်​အ​ချိန်​၌၊ ထာ​ဝ​ရ​ဘု​ရား​သည် နန်း​ထိုင်​သော​ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍ ထောင်​ထဲ​မှာ​အ​ချုပ်​ခံ​ရ​သော သူ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့၏​သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။

ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။

သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။

ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

သူ၏ အ​ကျင့်​ဓ​လေ့​တို့​ကို ငါ​မြင်​ပြီ။ သူ့​ကို​အ​နာ​ပျောက်​စေ၍ လမ်း​ပြ​ဦး​မည်။ သူ့​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ စိတ်​ညှိုး​ငယ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ချမ်း​သာ​ပေး​ဦး​မည်။

အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဥ​ပုသ်​နေ့၌ ဤ​မြို့​တံ​ခါး​ဖြင့် ဝန်​ကို​မ​သွင်း​မ​ဆောင်၊ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တစ်​ပါး​တို့​က၊ သင်​သည် စွန့်​ပစ်​ခြင်း​ကို ခံ​ရ​သော​သူ​ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ မ​ကြည့်​ရှု မ​ပြု​စု​သော ဇိ​အုန်​မြို့​ဟူ၍​လည်း​ကောင်း​ခေါ်​သော်​လည်း၊ သင်၏​အ​နာ​ရော​ဂါ​များ​ကို​ငါ​ပျောက်​စေ၍၊ ကျန်း​မာ​ပ​က​တိ ဖြစ်​စေ​မည်။

သို့​ရာ​တွင်၊ ငါ​သည် ဤ​မြို့၏​အ​နာ​ကို​ဆေး​အုံ၍ ပျောက်​စေ​မည်။ မြို့​သား​တို့​သည် ကျန်း​မာ​မည်​အ​ကြောင်း၊ မြဲ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း​ကို ငါ​ပြ​မည်။

ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။

ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

လူ​မည်​သည်​ကား၊ သ​ဘော​ဖြောင့်၍ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို ပြု​လျှင်​လည်း​ကောင်း၊

ငါ​သည် သွား​တတ်​သော​အ​တတ်​ကို ဧ​ဖ​ရိမ်​အား လက်​ဆွဲ၍ သွန်​သင်၏။ သို့​သော်​လည်း၊ ငါ​စောင့်​မ​ခြင်း​ကျေး​ဇူး​ကို သူ​သည် မ​သိ​ဘဲ​နေ၏။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။

အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။

သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊

မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။

သင်​သည် ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​တို့​သည် ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း၊ အ​သွေး​ကို​ရှောင်​ရ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​မြတ်​နိုး​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​စ​ကား​တို့​ကို​စေ့​စေ့​နား​ထောင်၍ စောင့်​ရှောက်​လော့။

ယ​နေ့ ငါ​မှာ​ထား​သည်​အ​တိုင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​သ​ဖြင့်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ပြု​သော​အ​ခါ၊ ရှေး​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး၍ ကြောက်​မက်​ဖွယ်​သော နာ​မ​တော်​ကို ကြောက်​စေ​ခြင်း​ငှာ၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သော ဤ​တ​ရား​တော်​စ​ကား အ​လုံး​စုံ​တို့​ကို သင်​သည် မ​ကျင့်​မ​စောင့်​ဘဲ​နေ​လျှင်၊

ထို​မှ​တစ်​ပါး၊ သင်​ကြောက်​တတ်​သော အဲ​ဂု​တ္တု​ပြည်၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​သ​ဖြင့်၊ သင်၌ ထို​အ​နာ​ရော​ဂါ​တို့​သည် စွဲ​ကပ်​ကြ​လိမ့်​မည်။

ငါ​သည် ကိုယ်​တိုင်​အား​ဖြင့် ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ ငါ​သည် အ​သက်​ကို​သေ​စေ၏။ အ​သက်​ကို​လည်း ရှင်​စေ၏။ ငါ​သည် အ​နာ​ပေါ်​စေ​ခြင်း​ငှာ ဒဏ်​ခတ်၏။ အ​နာ​ကို​လည်း ပျောက်​စေ၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ