Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 15:25

Judson Bible

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည် စမ်း​ရေ​တွင်း​သို့​သွား၍ ဆား​ကို​ခတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ဤ​ရေ​ကို​ငါ​ချို​စေ၏။ နောက်​တစ်​ဖန် သေ​စေ​မည်​အ​ကြောင်း၊ ကိုယ်​ဝန်​ပျက်​စေ​မည်​အ​ကြောင်း​ကို မ​ပြု​ရ​ဟု၊

ဧ​လိ​ရှဲ​က​လည်း၊ မုန့်​ညက်​ကို​ယူ​ခဲ့​ဟု​ဆို၍ အိုး​ထဲ​မှာ​ခတ်​ပြီး​လျှင်၊ လူ​များ​စား​စ​ရာ​ဖို့ လောင်း​ဦး​လော့​ဟု​ဆို​ပြန်​သော်၊ အိုး၌​ဘေး​မ​ရှိ။

ဘု​ရား​သ​ခင်၏​လူ​က၊ အ​ဘယ်​မှာ​ကျ​သ​နည်း​ဟု​မေး​သော်၊ ကျ​ရာ​အ​ရပ်​ကို​ပြ​ပြီး​မှ၊ တုတ်​ကို​ခုတ်၍ ထို​အ​ရပ်၌​ချ​သ​ဖြင့် ပု​ဆိန်​သည် ပေါ​လော​နေ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။

သင်​သည် ဒု​က္ခ​ကို​ခံ​ရ​သော​အ​ခါ၊ ငါ့​ကို​ခေါ်၍ ငါ​သည်​ချမ်း​သာ​ပေး၏။ မ​ထင်​ရှား​သော​မိုး​ကြိုး​နေ​ရာ၌ ငါ​ပြန်​ပြော၏။ မေ​ရိ​ဘ​ရေ​နား​မှာ သင့်​ကို​ငါ​စုံ​စမ်း၏။

သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။

ယဇ်​ပု​ရော​ဟိတ်​မော​ရှေ​နှင့် အာ​ရုန်၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှ​မွေ​လ၊ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​တော်​သည် ထူး​တော်​မူ၏။

ဖာ​ရော​ဘု​ရင်​သည်​ချဉ်း​လာ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မျှော်​ကြည့်၍၊ အဲ​ဂု​တ္တု​လူ​တို့​စစ်​ချီ​လာ​ကြောင်း​ကို​မြင်​လျှင်၊ အ​လွန်​ကြောက်​လန့်၍ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။

ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။

မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။

ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​ကို​အ​ရည်​ကျို၍​စုံ​စမ်း​မည်။ သို့​မ​ဟုတ်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။

ပြန်​စဉ်​အ​ခါ မြစ်​နား​နှစ်​ဖက်၌ များ​စွာ​သော အ​ပင်​တို့​ကို ငါ​မြင်၏။

ထို​သူ​က​လည်း၊ ဤ​ရေ​သည် အ​ရှေ့​သို့​စီး၍ တော​ကို​လျှောက်​ပြီး​မှ၊ အိုင်​ထဲ​သို့​ဝင်​တတ်​သော​အား​ဖြင့် အိုင်​ရေ​သည် ချို​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။

သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။

သူ​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​သ​ကဲ့​သို့ သူ​တို့​သည်​စောင့်​ရှောက်​မည်​လော၊ မ​စောင့်​ရှောက်​လော​ဟု ကျန်​သေး​သော​လူ​မျိုး​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​စုံ​စမ်း​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

ခါ​နာန်​ပြည်၌ တိုက်​သော စစ်​မှု​ရှိ​သ​မျှ​တို့​ကို မ​သိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ စစ်​မှု​ကို​မ​သိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည် စစ်​အ​တတ်​ကို​သင်၍ တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ချန်​ထား​တော်​မူ​သော လူ​မျိုး​များ​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ