Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:23

Judson Bible

အဲ​ဂု​တ္တု​လူ​များ၊ ဖာ​ရော​ဘု​ရင်၌​ပါ​သော မြင်း၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊ ပင်​လယ်​အ​လယ်​သို့​လိုက်​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ အ​ဘယ်​သူ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။

ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။

ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။

ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။

နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ