Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:22

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ရေ​ကို ဝတ်​လုံ​နှင့်​ရိုက်​လျက်၊ ဧ​လိ​ယ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟူ၍ တစ်​ဖန် ရိုက်​သော​အ​ခါ၊ ရေ​သည်​တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​ကူး​သွား၏။

ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။

သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။

ဧ​ဒုံ​ပင်​လယ်​ကို​ဆုံး​မ​တော်​မူ၍၊ ပင်​လယ်​ရေ​သည် ခန်း​ခြောက်​လေ၏။ တော၌ ပို့​ဆောင်​သ​ကဲ့​သို့ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဧ​ဒုံ​ပင်​လယ်​ကို အ​ပိုင်း​ပိုင်း​ခွဲ​တော်​မူ​ထ​သော၊

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပင်​လယ်​အ​လယ်၌ ဣ​သ​ရေ​လ​အ​မျိုး​ကို လျှောက်​သွား​စေ​တော်​မူ​ထ​သော၊

ပင်​လယ်​ကို ကုန်း​ဖြစ်​စေ​တော်​မူ၏။ သူ​တို့​သည် ရေ​စီး​ရာ​အ​ရပ်​ကို ခြေ​ဖြင့်​လျှောက်​သွား​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ကြ၏။

စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။

ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌​မြေ​ပေါ်​မှာ​လျှောက်​သွား၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့​ရှိ​နေ၏။

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။

နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။

ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊

ပင်​လယ်​ရေ၊ နက်​နဲ​ရာ​ရေ​တို့​ကို ခန်း​ခြောက်​စေ၍၊ ပင်​လယ်​နက်​နဲ​ရာ အ​ရပ်​တို့​ကို ရွေး​နုတ်​သော​သူ​များ သွား​စ​ရာ​လမ်း ဖြစ်​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

မော​ရှေ၏​လက်​ယာ​နား​မှာ ဘုန်း​ကြီး​သော လက်​ရုံး​တော်​ကို သွင်း၍၊ အ​သ​ရေ​တော်​ကို အ​စဉ် ထင်​ရှား​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ ရေ​ကို​ခွဲ​သ​ဖြင့်၊

လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြို့​ကို​ကာ​သော မီး​မြို့​ရိုး​ဖြစ်​မည်။ မြို့​အ​လယ်၌​လည်း ငါ​သည် မြို့၏​ဘုန်း​အ​သ​ရေ​ဖြစ်​မည်။

ပိ​ဟ​ဟိ​ရုတ်​မြို့​မှ​ပြောင်း၍ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​သ​ဖြင့် ဧ​သံ​တော​သို့​ရောက်၍၊ ထို​တော​ထဲ၌ သုံး​ရက်​ခ​ရီး​သွား​ပြီး​လျှင်၊ မာ​ရ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။

ညီ​အစ်​ကို​တို့၊ ငါ​တို့​ဘိုး​ဘေး​အ​ပေါင်း​တို့​သည် မိုး​တိမ်​အောက်​မှာ​ရှိ၍၊ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊-

ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။-

မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။

လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။

သင်​တို့​က၊ ဣ​သ​ရေ​လ​လူ​တို့​သည် မြေ​ပေါ်​မှာ​လျှောက်​သ​ကဲ့​သို့ ဤ​ယော်​ဒန်​မြစ်​ကို ကူး​လာ​ကြ​သည်​ဟု သား​သ​မီး​တို့​အား ကြား​ပြော​ရ​ကြ​မည်။

ကျွန်​တော်​တို့​သည် သိုး​ထိန်း၍ သူ​တို့​နှင့်​ပေါင်း​ဖော်​သော ကာ​လ​ပတ်​လုံး၊ သူ​တို့​သည် နေ့​ည​အ​စဉ်​ကွယ်​ကာ​လျက် နေ​ကြ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ