Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:13

Judson Bible

မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊

ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ထင်​ရှား၍၊ ငါ​သည် သင်၏​အ​ဘ​အာ​ဗြ​ဟံ၏​ဘု​ရား​ဖြစ်၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင့်​ဘက်​မှာ​ရှိ၏။ ငါ​သည်​ကောင်း​ချီး​ပေး​မည်။ ငါ၏​ကျွန်​အာ​ဗြ​ဟံ​အ​တွက်၊ သင်၏​အ​မျိုး​အ​နွယ်​ကို​ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင့်​အ​ဘ၏ ဘု​ရား​သ​ခင်​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ငါ​သည် ထို​ပြည်၌ သင့်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။

ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊

ထို​သူ​တို့​သည် လယ်​ကွက်​အ​လယ်၌ ရပ်၍​စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။

ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။

သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။

အဲ​ဂု​တ္တု​ပြည်၌ အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​များ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​မြင်၍၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ သူ​တို့ အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။ ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ကိုယ်​တော်၏ လူ​စု​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။

ဘု​ရား​သ​ခင်​သည် မိ​မိ​ရန်​သူ​တို့၏ ဦး​ခေါင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​ပြု​မြဲ​ပြု​သော သူ​တို့၏ ဦး​သျှောင်​ကို​လည်း​ကောင်း ဧ​ကန်​အ​မှန် နှိပ်​စက်​တော်​မူ​မည်။

ဘေး​နှင့်​ကင်း​လွတ်​အောင်​ဆောင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​ကြောက်​ရ​ကြ။ ရန်​သူ​တို့​ကို​ကား ပင်​လယ်​ရေ​သည် လွှမ်း​လေ၏။

သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌​ဣ​သ​ရေ​လ​လူ​တို့​ကို၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ကမ်း​နား​မှာ အဲ​ဂု​တ္တု​လူ​အ​သေ​ကောင်​တို့​ကို မြင်​ရ​ကြ၏။

မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။

အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။

သ​တိ​ပြု၍ ငြိမ်​သက်​စွာ​နေ​လော့။ မီး​ခိုး​ထွက်​သော ဤ​ထင်း​စ​နှစ်​ခု​တည်း​ဟူ​သော၊ ရှု​ရိ​မင်း​ရေ​ဇိန်​နှင့် ရေ​မ​လိ၏​သား​တို့​သည် ပြင်း​စွာ အ​မျက်​ထွက်​သော်​လည်း၊ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်။

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။

ယု​ဒ​အ​မျိုး​ကို​ကား သ​နား​စုံ​မက်​ဦး​မည်။ သို့​ရာ​တွင် လေး၊ ဓား၊ စစ်​တိုက်​လက်​နက်၊ မြင်း၊ မြင်း​စီး​သူ​ရဲ​အား​ဖြင့် မ​ကယ်​တင်၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ကယ်​တင်​မည်​ဟု မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​ကို သင်​မ​သိ​ပြီ။ ငါ​မှ​တစ်​ပါး ကယ်​တင်​နိုင်​သော သ​ခင်​မ​ရှိ။

အို ဣ​သ​ရေ​လ၊ သင့်​ကို ကယ်​တင်​နိုင်​သော​အ​ရှင် ငါ့​ကို သင်​သည် ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့် အ​ကျိုး​နည်း​ရှိ၏။

ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။

ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။-

အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​သည် စစ်​တိုက်​ခြင်း​ငှာ ရန်​သူ​တို့​ကို​ချဉ်း​ကြ​ပြီ။ သူ​တို့​ကြောင့် စိတ်​ပျက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ တုန်​လှုပ်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။

ရှော​လု​က၊ လူ​တစ်​ယောက်​ကို​မျှ ယ​နေ့​မ​သတ်​ရ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​တော်​မူ​ပြီ​ဟု ဆို၏။

ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ