Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:12

Judson Bible

ငါ​တို့​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ အ​စေ​ကျွန်​ခံ​နေ​လျက်​ရှိ​ကြ​ပါ​စေ​ဟု အဲ​ဂု​တ္တု​ပြည်၌​ငါ​တို့​ပြော​ရာ​တွင်၊ ဤ​အ​မှု​ကို​ရည်​ဆောင်၍ ပြော​သည်​မ​ဟုတ်​လော။ ငါ​တို့​သည် ဤ​တော၌​သေ​ရ​သည်​ထက်၊ အဲ​ဂု​တ္တု​လူ​တို့​ထံ၌​အ​စေ​ကျွန်​ခံ​လျှင် သာ၍​ကောင်း​သည်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်၌​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​လည်​ကြ။ များ​စွာ​သော က​ရု​ဏာ​တော်​ကို မ​အောက်​မေ့​ကြ။ ပင်​လယ်​နား၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ပုန်​ကန်​ကြ​ပါ၏။

ဣ​သ​ရေ​လ​လူ​တို့​ကို ဖာ​ရော​ဘု​ရင်​လွှတ်​သော​နောက်၊ ဖိ​လိ​တ္တိ​ပြည်​ကို လျှောက်​သော​လမ်း​သည် ဖြောင့်​သော်​လည်း၊ ထို​လမ်း​ဖြင့် ဘု​ရား​သ​ခင်​ဆောင်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စစ်​မှု​ကို​တွေ့​မြင်​သော​အ​ခါ​စိတ်​ပျက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​ပြန်​ကြ​လိမ့်​မည်​ဟု သိ​တော်​မူ၏။

ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။

ဧ​ဖ​ရိမ်​သည် ရုပ်​တု​တို့၌ စွဲ​ကပ်​လျက်​ရှိ၏။ သူ့​ကို​တတ်​တိုင်း​ရှိ​စေ​လော့။

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ